မောင်အေးချမ်း(ဟားဗတ်တက္ကသိုလ်)
နိဒါန်း
ပမာဏအနေဖြင့် ကျွန်တော်ဟာ ဒီစာစုကိုမရဲတရဲ ချီတုံချတုံဖြင့် အကြိမ်ကြိမ်အခါခါ စဉ်းစားခဲ့ပြီးမှ နောက်ဆုံး စိုးရိမ်စိတ်များထုံလွှမ်းနေသော ပူပန်မှုကြောင့် ရေးသားရခြင်းဖြစ်ကြောင်း တင်ပြလိုပါသည်ည။ တစ်ဖန် ကျွန် တော့ထက်ပိုမိုပြီး အမြင်ကျယ်၊ အတွေးအခေါ်ါ်နက်ရှိုင်းကြသည်မှာ သေချာနေသော နိုင်ငံရေးခေါင်းဆောင် နှစ်ဦး အပေါ်တွင်လည်း တစ်စုံတစ်ရာ သက်ရောက်ရာ ရောက်လေမလားဆိုတဲ့ စိုးရိမ်စိတ်များ လည်းရှိ နေပါ တယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ပြည်သူလူထု၊ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ တစ်ခေတ်မှာတစ် ယောက် ပေါ်ထွန်းခဲလှတဲ့ မျှော်လင့်ချက်ခေါင်းဆောင်နှစ်ဦးတို့နဲ့ ပက်သက်ပြီး ကျွန်တော့ရင်ထဲက စစ်မှန်တဲ့ စေတနာ၊ခိုင်မာတဲ့ သစ္စာတရားတို့ကြောင့် ရေးသားလိုက်ရခြင်းပဲဖြစ်ပါတယ်၊
မြန်မာ့ခြေလှမ်းသစ်ဖြစ်သော ကမ္ဘာ့စီးပွားရေးဖိုရမ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကေ၇စီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မကြာ သေးခင်က ထိုင်းနိုင်ငံ ဗန်ကောက် မြို့မှာ ကျင်းပခဲ့တဲံ့  အာရှပစိဖိတ်ဆိုင်ရာ ကမ္ဘာ့စီးပွားေ၇းဖိုရမ်တက်ရောက်ခဲ့ တဲ့ သတင်းဟာပြည်တွင်းပြည်ပ မီဒီယာများမှာ ခေါင်းကြီးသတင်း၊ ကြားဖြတ်သတင်းများအဖြစ် ဖော်ပြပါရှိခဲ့တာ တွေ့ရှိရပါတယ်၊အထူးသဖြင့် ကျွန်တော်နေထိုင်ရာ အမေရိကန်ပြည်ထောင်စုမှာ ဒီသတင်းဟာ ထူးခြားသတင်း အဖြစ် တွေ့မြင်ရပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးရဲ့ အာရုံဟာ ဒီဖိုရမ်အပေါ်မှာ ရောက်ရှိနေတယ်လို့ပြောရင် လွန်မယ် မထင်ပါဘူး။
ကျွန်တော်တို့လိုပြည်ပနိုင်ငံတွေကို ရောက်၇ှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက်လည်း စိတ်ဝင်စား စရာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရော ၊ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ေ၇ာက်ကြမယ့်ပွဲလို့ သိထားခဲ့တာ ကြောင့်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၉၈ ခုနှစ်က မြန်မာနိုင်ငံပြန် ရောက် သွားပြီးနောက်ပိုင်း တစ်ခါမျှ ပြည်ပထွက်ခွာခဲံတာ မဟုတ်တဲ့အတွက် သူ့အတွက်ပထမဆုံ့း ပြည်ပခရီး စဉ်ဖြစ်နေတာလည်းပါပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီလမ်းဖွင့်မှုအပေါ် စမ်းသပ်ချက်တစ်ခုလို့လည်း အမေရိက မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ ပိုပြီးဝမ်းမြောက်ဖို့ကောင်းတာက နောင်နှစ်မှာ ကျင်းပမယ့် အဲဒီ ဖိုရမ်ကို ကျွန်တော်တို့နိုင်ငံမှာ ကျင်းပမယ်လို့သိလိုက်ရတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံကမ္ဘာ့အလယ် စင်မြင့်ထက်ကို တစ်လှမ်းချင်း တစ်လှမ်းချင်း တက်လှမ်းနေတာပဲလို့ ကျွန်တော် ကတော့ ထင်မြင်မိပါတယ်။ ပြီးတော့ ကြက်သီးထလောက်အောင်လည်း ၀မ်းသာပီတိဖြစ်မိပါတယ်။ အခုအချိန် မှာ စာေ၇းသူတို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံ့ပုံရိပ်လည်းပြောင်းလဲလာခဲ့ပါပြီ။
အဝေးမှလူတစ်ဦးရဲ့ စိုးရိမ်သောကများ
ဒေါ်အောင်ဆန်းစုကြည်နဲ့ စွမ်းအင်ဝန်ကြီးဦးသိန်းဌေးတို့ နှစ်ဦးစလုံးရဲ့ ပြောကြားချက်တွေကို ကျွန်တော် စိတ်ဝင်တစားနဲ့ လေးလေးနက်နက်နားထောင်ပါတယ်။ မြန်မာနိုင်ငံနဲ့ပက်သက်လို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ တွေရဲ့သဘောထားဟာ ဒီပြောကြားချက်(၂)ရပ်အပေါ်မှာ မူတည်တာကြောင့်လဲ ဖြစ်ပါတယ်။ ပြီးတော့လည်း နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ကြီး(၂)ဦးဟာလည်း နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ဘုံအကျိုးစီးပွားအတွက်မတူညီတာတွေဘေးဖယ် ထားပြီးတူညီတာတွေ ပူးပေါင်းဆောင်ရွက်သွားကြဖို့ အပြန် အလှန်လက်ခံသဘောတူထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီပြောကြားချက်(၂)ရပ် ဆန့်ကျင်ဘက် အသွင် ၀ိရောဓိသဘောဆောင်နေရင် ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေ (ခေါင်းဆောင်နှစ်ဦး ကြားက အပြန်အလှန်ယုံကြည်မှုအပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ ယုံကြည်မှု လည်းပါဝင်ပါတယ်။)လွင့်ပြယ်သွားမှာ စိုးရိမ်တဲ့စိတ်နဲ့ ဖြစ်ပါတယ်။
ဒါပေမယ့်လည်းကျွန်တော်သက်ပြင်းချနိုင်ခဲ့ပါတယ်။ နှစ်ဦးစလုံးရဲ့ပြောကြားချက်တွေမှာ အခြေခံတူညီမှု တွေများပါတယ်။ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အမြန်ဆုံးဖန်တီးပေးနိုင်ဖို့အတွက် လုပ်သားအရင်းပြု စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုကြဖို့ဖိတ်ခေါ်တိုက်တွန်းသွားခဲ့တာ တွေ့ရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က Job creation Investment ကို အလေးပေးပြောကြားသွားသလို စွမ်းအင် ၀န်ကြီးဦးသန်းဌေးကလည်း Labour-Intensive Industry ကို အလေးပေးဖိတ်ခေါ်သွားတာတွေ့ရှိရပါတယ်။ ဒါပေမယ့် ကျွန်တော့်သောကတွေ မပျောက်ပျက်နိုင်ပါဘူး။ ဒီဖိုရမ်အပြီးမှာ ထိုင်းနိုင်ငံကို သွားရောက်မယ့် သမ္မတကြီးရဲ့ ခရီးစဉ်ရွှေ့ဆိုင်းလိုက်တဲ့သတင်းကြားသိရပါတယ်။ State Department က ကျွန်တော့်အသိ မိတ်ဆွေတစ်ဦးက ကျွန်တော့်ကိုဖုန်းဆက်ပြီးမေးလာပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတဲ့အမေးပါ။ ဒါနဲ့ပက်သက် လို့ နယူးယောက်တိုင်းမ်သတင်းစာမှာ ဆောင်းပါးရှင် သောမတ်စ်ဖူလာ က သမ္မတဦးသိန်းစိန်စိတ်ကွက်သွားပုံရ တယ်လို့ထင်မြင်ချက်ရေးထားတာ တွေ့ရှိရပါတယ်၊
ဒီအပေါ်မှာ ကျွန်တော်စိုးရိမ်မိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့တဲ့ အရုဏ်ဦးကို မြင်တွေ့ခဲ့ရတာ မကြာသေးပါဘူး၊ ကျွန်တော်တို့ နိုင်ငံသားတွေ ခေတ်အဆက်ဆက် မက်ခဲ့တဲ့ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေး အိပ်မက်တွေ အခုမှ မြင်မက်နိုင်ခါစဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အရပ်ရပ်ခိုင်မာမှုတွေနဲ့ တောင့်တင်းခြင်းမရှိသေးသလို ကျွန်တော်တို့ လူ့အဖွဲ့အစည်း ဟာလည်း ကျွန်တော်အခုရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုက လူ့အဖွဲ့အစည်းလို ဖြစ်လာအောင် ကျွန်တော်တို့အများကြီး ကျင့်ကြံအားထုတ်ကြရဦးမှာ ဖြစ်ပါတယ်။
စကားလုံးတစ္ဆေများ အခြောက်မခံရစေလို
၂၀၁၀ရွေးကောက်ပွဲတွေမတိုင်မီကတည်းက ကျွန်တော်နဲ့ရင်းနှီးတဲ့ State Department ကမိတ်ဆွေ တစ်ချို့၊ ကွန်ကရက်က မိတ်ဆွေတစ်ချို့ကို ပြောဖူးတာရှိပါတယ်။ ဘားမားလို့ခေါ်တာကို မင်းတို့အစိုးရက ဘာဖြစ်လို့ခါးခါးသီးသီးဖြစ်နေတာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပြောဖြစ်တာပါ။ ကျွန်တော်တို့ သမိုင်းကြောင်းနဲ့ အမျိုးသားရေးစိတ်ဓာတ်ကို ကျွန်တော်ရှင်းပြခဲ့ပါတယ်။ ဒီတော့ အဓိပ္ပါယ်က ပညတ်နဲ့ ပရမတ် ခွဲခြားသိဖို့ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ ကျွန်တော် သူတို့ကိုပြောပြပါတယ်။ “ကောင်းပြီ မစ်ချယ်၊ မင်းနာမည်မစ်ချယ်ကို ငါကမခေါ်ဘူး၊ မင်းကို မင်းနာမည် မဟုတ်တဲ့ ကလင်တန်လို့ခေါ်မယ် မင်းကြိုက်လား၊ လက်ခံနိုင်သလား၊” ဆိုတော့ သူတို့ သဘောပေါက်သွားပါတယ်။ ပြီးတော့မှ ကျွန်တော်ရှင်းပြပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းဟာ တပ်မတော် ဟာ တစ်စပ်တည်းဖြစ်နေတဲ့ အနေအထားကို နားလည်အောင်ပါ။ နောက်တစ်ခုက စစ်သားတွေရဲ့ ပင်ကိုယ်ဗီဇအကျင့်စရိုက်တွေကို နားလည်ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက် ချင်ရင် စကားလုံးတစ္ဆေခြောက်သလို မဖြစ်စေဖို့ ဘားမားလို့ခေါ်လိုက်တာနဲ့ ကိုလိုနီနယ်ချဲ့တွေကို ပြန်ပြောင်း သတိရတတ်တဲ့ စိတ်ဓာတ်ကို နားလည်ထားဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော် ရှင်းပြခဲ့ဖူးပါတယ်။
United State ဟာ ကျွန်တော်တို့လို ပြည်တွင်းစစ်တွေဖြစ်ခဲ့ဖူးပေမယ့်လည်း စစ်ရဲ့နောက်ခံ အကြောင်း အရင်းတွေက လုံးဝမတူပါဘူး။ ပြီးတော့အမေရိကန်လူမျိုးဆိုတာ သူတို့မှာမရှိပါဘူး။ အမေရိကန်နိုင်ငံသား ဆိုတာပဲရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီကို သူတို့ရော ကျွန်တော်တို့ပါ တွန်းလှန် တိုက်ခိုက်ခဲ့တာချင်းတူပေမယ့် အခြေအနေချင်းမတူပါဘူး။ အစဉ်အဆက် နိုင်ငံသားစိတ်ဓာတ်ရင့်မာခဲ့တဲ့ သူတို့နိုင်ငံနဲ့ အစဉ်အဆက်လူမျိုးရေး စိတ်ဓာတ်ရင့်မာခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ မျဉ်းတန်းသဘောမဟုတ်တဲ့အကြောင်း ကျွန်တော်ရှင်းပြခဲ့ပါတယ်။ ဗမာလူမျိုးဆိုတာ တိုင်းရင်းသားများစွာထဲကတစ်ခုသာ ဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ကရော ဒေါ်အောင်ဆန်းစုကြည်ကပါ ထုတ်ဖော်ပြောကြားခဲ့တဲ့ အချိန်က ကျွန်တော်အရမ်းပဲ အံ့သြ၀မ်းသာခဲ့ရတာပါ။ အဲဒီအချိန်က ကျွန်တော့်ရင်ထဲမှာ ယုံကြည်ချက်တစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ “ကြုံတောင့်ကြုံခဲ စံနမူနာယူစရာ အတိတ်သမိုင်းကြောင်းတွေရှိခဲ့တဲ့ ခေါင်းဆောင်ကြီး နှစ်ယောက် ကျွန်တော်တို့တွေ့ရှိခဲ့ပါပြီ။ ပြီးတော့ နိုင်ငံ့ အရေးနဲ့ပတ်သက်လို့ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ပုံကိုင်ပုံတွေ တော်တော်များများ တူညီနေတာကိုလည်း တွေ့ခဲ့ရ ပါပြီ။ ကျွန်တော်တို့နိုင်ငံအတွက် အကောင်အထည် ပေါ်လာဖို့ အရမ်းခက်ခဲလှတဲ့ နှစ်ဘက်စလုံးက ဘုံအကျိုး စီးပွားအတွက် ရည်ရွယ်ပြီး ဒီခေါင်းဆောင်ကြီး နှစ်ဦးစလုံးက ဆုပ်ထားတဲ့လက်သီးဆုပ်တွေ ဖြေလျှော့ပေး ခဲ့ကြပါပြီ။ ဒီလိုမျိုး သမိုင်းနဲ့ချီပြီး ရခဲလှတဲ့ ခေတ်ကာလမှာမှ ကျွန်တော်တို့နိုင်ငံ မပေါင်းစည်းနိုင်ရင် နောင်ဘယ်တော့မှ ပေါင်းစည်းနိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့အသိ၊ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားပေါင်းစည်းမှု ကျိန်းသေပေါက်လာရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။
Rule of Law ကို ဆောင်ကြဉ်းပေးပါ
ကျွန်တော်တို့နိုင်ငံမှာ အတောမသတ်နိုင်တဲ့ လုပ်စရာတွေ အများကြီးပါ။ ဒီအတွက်လည်း ခေါင်းဆောင် ကြီးနှစ်ဦးစလုံး သေချာပေါက်ကြိုးပမ်းအားထုတ်ရမှာပါ။ အရေးကြီးတာက ဒီခေါင်းဆောင်ကြီး နှစ်ဦးလုံး အလေးထား တဲ့ Rule of Law ပဲဖြစ်ပါတယ်။ ပြန်ပြီးကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ တရားစီရင်ရေးစနစ်၊ ဗျူရိုကရေစီ စနစ်တွေဟာ အင်္ဂလိပ်ကိုလိုနီတွေက အုတ်မြစ်ချခဲ့တာ ဖြစ်ပါတယ်။ အကုန်လုံး မကောင်းဟု မဆိုလို သော်လည်း ကိုလိုနီတွေရဲ့ အကျင့်အတိုင်း အုပ်ချုပ်သူအလိုကျ တရားစီရင်ပေး နိုင်တဲ့ တရားရေးစနစ်တွေကို ကျင့်သုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်အခုရောက်နေတဲ့ အမေရိကန် ပြည်ထောင်စုမှာ တရားသူကြီး တစ်ဦးတည်းအပေါ်မှာ စီရင်ပိုင်ခွင့် အပ်နှင်းထားခြင်းမရှိတဲ့ ဂျူရီစနစ်ကို ကျင့်သုံးနေတာဖြစ်ပါတယ်။ တရား သူကြီးဟာ ဂျူရီလူကြီးတွေရဲ့ အပြစ်ရှိ/ မရှိဆုံးဖြတ်ချက်ပေါ်မူတည်ပြီး စီရင်ချက်ချရတာ ဖြစ်ပါတယ်။ ကံမကောင်းအကြောင်းမလှခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ တရားစီရင်ရေးစနစ်ဟာ အုပ်ချုပ်သူအလိုကျ စနစ် တစ်ရပ်လိုမျိုး ဖြစ်ခဲ့ရတာလည်း အမှန်ပဲဖြစ်ပါတယ်။
ကျွန်တော်ရောက်ရှိနေတဲ့အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားတိုင်းဟာ အခြေခံဥပဒေကို ကောင်းကောင်း နားလည်တယ်။ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို သိရှိထားတယ်။ ဥပဒေပြုရေးနဲ့ လွှတ်တော်အမတ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ်လေ့လာကြတယ်။ တစ်ဖက်ကလည်း နိုင်ငံသားတာဝန်ကို ကျေပွန်အောင် နေထိုင်ကြတယ်။ နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ အစိုးရအရာရှိကြီးတွေအားလုံးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေကို အလွတ်နီးပါး မှတ်သားထားကြတာကိုလည်း တွေ့ရှိရတယ်။ ပြောရရင် Civic Education အရမ်းကိုမြင့်မားနေပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာတော့ Civic Education ကို တွန်းတင်ရဦး မှာဖြစ်သလို Capacity Building ကိုလည်း မြှင့်တင်ရဦးမှာဖြစ်ပါတယ်။ ဒီလိုအဆင့်မျိုးရောက်ဖို့ ကျွန်တော်တို့ ခရီးရှည်ကြီး လျှောက်ကြရဦးမှာပါ။ ဒီခရီးရှည်ကြီးဟာလည်း ပန်းခင်းလမ်းတော့မဟုတ်တာ သေချာနေပါတယ်။
ကျွန်တော်တို့ရဲ့ပြည်သူတွေ Civic Education မြင့်တတ်လာဖို့ အစိုးရမှာရော၊ နိုင်ငံရေး ခေါင်းဆောင် တွေရော၊ လွှတ်တော်အမတ်တွေရော၊ Civil Society တစ်ခုလုံးက ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုမှာဖြစ်ပါတယ်။ ပြည်သူတွေကို နိုင်ငံရေးသမားတွေက လမ်းပြပေးရတာဖြစ်ပါတယ်။ ဒီမိုကရေစိ အသွင်ကူးပြောင်းရေးကာလ ဒီမျှအထိခရီးပေါက်ခဲ့တာကို အတော်လေးကောင်းစပြုနေပါပြီ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့အပါအ၀င် တော်တော်များများဟာ ဒီအခြေအနေအထိ မျှော်လင့်ခဲ့ကြတာ မဟုတ်ပါဘူး။ ပညာရှိသတိဖြစ်ခဲဆိုသလို အသေးအမွှားလေးတွေကိုလည်း ဂရုစိုက်ဖို့တင်ပြလိုခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံသားတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးတွေကို အပြည့် အ၀ရရှိဖို့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိပါတယ်။ ပြီးတော့လည်း ဒီဦးဆောင်မယ့် ပုဂ္ဂိုလ် တွေ ကိုယ်တိုင်က စံနမူနာပြ နေထိုင်လုပ်ကိုင်ကြဖို့ လိုပါတယ်။
ကျွန်တော်ဘာဖြစ်လို့ ဒီလောက်အထိ ရှင်းပြနေရသလဲဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂ မှာ “ နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။” The State shall be known as the Republic of the Union of Myanmar ဆိုပြီး အတိအလင်း ပြဌာန်းထား ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အစိုးရနဲ့ ပြည်သူလူထုအကြား၊ အစိုးရနဲ့ လွှတ်တော် အကြား၊ အစိုးရနဲ့ နိုင်ငံရေးပါတီအကြား၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံသားတွေအကြား၊ အပြန်အလှန် ဆက်ဆံရမယ့် စည်းမျဉ်းတွေကို သတ်မှတ်ပေးထားခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံတိုင်းမှာအမြင့်ဆုံး သော ပဋိညာဉ်ပြဌာန်းချက်ဖြစ်တဲ့အတွက် အဲဒီနိုင်ငံမှာရှိတဲ့ သမ္မတ၊ ၀န်ကြီးချုပ်တွေ အပါအ၀င် နိုင်ငံသား တိုင်းက လိုက်နာကြရမယ့် စည်းနှောင်မှုရှိတဲ့ ဥပဒေဖြစ်ပါတယ်။ အမှိုက်ကစ ပြသာဒ်မီးလောင်တဲ့အဖြစ်မျိုး မဖြစ်စေချင်သလို နှစ်ဦးနှစ်ဖက်နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ထိခိုက်နစ်နာသွားမှာ ကိုလည်း ကျွန်တော့်အနေနဲ့ အထူးပဲ စိုးရိမ်ပူပန်မိပါတယ်။
အလုပ်အကိုင်တွေ ဖန်တီးပေးကြပါ
ကျွန်တော်တို့လို ပြည်ပရောက်နေတဲ့သူတွေဟာ အိမ်လွမ်းဝေဒနာကိုပိုပြီးနားလည်စာနာနိုင်ကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ အမျိုးမျိုးအဖုံဖုံကြုံရာ လုပ်ကိုင်နေကြရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေအားလုံးရဲ့ ရင်ထဲမှာ ကျွန်တော်တို့နိုင်ငံကို အဲဒီနိုင်ငံတွေထက် သာလွန်မြင့်မားစေချင်တဲ့ ဆန္ဒတွေ ကိုယ်စီကိုယ်စီ ရှိနေကြ ပါတယ်။ ဒါဟာ နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ တကယ်လို့များ ကျွန်တော်တို့နိုင်ငံမှာ ဒီနိုင်ငံတွေမှာရတဲ့ လုပ်ခ၊ လစာ၊ ဒီနိုင်ငံတွေမှာရရှိတဲ့ အာမခံချက်၊ ဒီနိုင်ငံတွေမှာရရှိနေတဲ့ လူနေမှုစနစ်တွေ ရရှိဖြစ်ပေါ်လာပြီဆိုရင် ဘယ်သူမှ မိဝေးဖဝေး လုပ်ကိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာ ကိုယ့်မိဘ၊ ဆွေမျိုး မိတ်ဆွေအသိုင်းအ၀ိုင်းတွေနဲ့ စိတ်အေးချမ်းသာ ပြန်လည်လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။ အခုဆိုရင် ခေါင်းဆောင် ကြီးနှစ်ဦးရဲ့ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုကြောင့် ကျွန်တော်တို့နိုင်ငံ အလားအလာကောင်းနေပါပြီ။ ကျွန်တော်တို့ အိမ်နီးချင်း နိုင်ငံတွေကို အမီလိုက်နိုင်ဖို့ (ဗိုလ်ချုပ်အောင်ဆန်း စကားနဲ့ဆိုရင်) ပြဲအောင်လုပ်နိုင်မှ တန်ကာ ကျမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေအလျင်လို နေကြပါပြီ။ ကျွန်တော်တို့ နိုင်ငံဟာလည်း တိုးတက် ချိန် တန်နေပါပြီ။
ထိုင်းဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရော၊ စွမ်းအင်ဝန်ကြီးကပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဖန်တီးပေးဖို့ ဖိတ်ခေါ်လိုက်တဲ့အချိန်မှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ခေါင်း တဆက်ဆက်ညိတ်ပြီးသွားဖို့ဟန်ပြင်လာကြပါပြီ ။ ဒီအချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေကို သံသယတွေ၊ မသေချာမှုတွေ ဖြစ်ပေါ်လာအောင် ဘယ်သူကမှမလုပ်သင့်ပါဘူး။ ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံကြည်မှုဟာ ရွှေငွေ ရတနာတွေထက်ပိုပြီး အဖိုးထိုက်တန်ပါတယ်။ အခုဆိုရင်ကျွန်တော်တို့နိုင်ငံမှာ စွမ်းအင်မလုံလောက်မှုကြောင့် ဆန္ဒပြတာတွေသတင်းတွေ မှာဟိုးလေးတကျော်ကျော် ဖြစ်နေတာတွေ့ရှိရပါတယ်။ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ကကျွန်တော့်ကို ဒီင်္အကြောင်းတွေမေးပါတယ်။ မင်းတို့နိုင်ငံမှာမီးလည်းမလောက်င၊ အလုပ်သမားတွေ ကလည်းဆန္ဒပြကြနဲ့ ငါတို့သွားင်္ပြီးစက်ရုံတည်ဖို့ဖြစ်ပါမလားဆိုတဲ့မေးခွန်းပါ။
ကျွန်တော်ကတော့ ဒါတွေဟာအခုမှဖြစ်တာမဟုတ်ကြောင်း၊ အရင်ကလည်းဒီလိုပဲဖြစ်ခဲ့တာ ကြာပြီဆို တဲ့အကြောင်း၊ အခုမှဘာဖြစ်လို့ဖြစ်လာရလဲဆိုတော့ နိုင်ငံရေးစနစ်တိုးတက်ပြောင်းလဲလာသလို ပြည်သူတွေရဲ့ အခွင့်အရေးတွေ တိုးတက်ရရှိလာတာဖြစ်တဲ့အကြောင်း၊ ဒါတွေဟာလည်းလက်ရှိ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ အစိုးရ ရဲ့လမ်းဖွင့်ပေးမှုတွေပဲ ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ဟာမထူးဆန်းတော့ကြောင်း အတော်လေးရှင်းပြခဲ့တော့ သူတို့ကိုယ်တိုင်လည်းလက်ခံခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်စိုးရိမ်မိပါတယ်။ သူ တို့စိတ်တွေသံသယတွေဖြစ်နေပါပြီ။ ကျွန်တော်အနေနဲ့အစိုးရကိုလည်း အပြစ် အတင်သလို ဆန္ဒပြသူတွေကိုလည်း အပြစ်မတင်ပါဘူး။ ဒါတွေဟာရှောင်လွှဲမရတဲ့ အခြေအနေတွေဖြစ်ပါ တယ်။ စွမ်းအင်ပြဿနာဟာဖြေရှင်း လို့ရပါတယ်။ ထိထိရောက်ရောက်ဖြေရှင်းပေးပြီး ရေရှည်တည်တံ့တဲ့ စွမ်းအင်မဟာဗျူဟာနဲ့ဆိုရင်ရပါတယ်။ လုပ်ခလစာတွေဟာလည်း ဥပဒေနဲ့အညီ ညှိနှိုင်းဖြေရှင်းသွားလို့ရပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံအပေါ် ရင်းနှီးမြုပ်နှံသူတွေရဲ့ ယုံ ကြည်မှုတွေကို ထိခိုက်စေမှာကိုပဲစိုးရိမ်မိ ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဘယ်ပုဂ္ဂိုလ်၊ ဘယ်လိုအဖွဲ့အစည်းမျိုးကမှ ဒီလမ်းကြောင်းတွေပိတ်ဆို့သွား အောင် မလုပ်သင့်၊ အပြောသင့်ဘူးလို့ခံစားမိပါတယ်။
ဒီဖိုရမ်မှာ တက်ခဲ့ကြတဲ့သူတွေဟာ နိုင်ငံတကာ စီပွားရေးလုပ်ငန်းတွေအများစုဖြစ်ပါတယ်။ သူတို့ထဲက အတော်များများဟာ မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကိုင်ဖို့ စိတ်ဝင်စား နေတဲ့သူတွေဖြစ်ပါတယ်။ ဖိုရမ်ကို ကိုယ်တိုင်မတက်နိုင်သော်လည်း ဖိုရမ်သတင်းတွေစောင့်ကြည့်နေတဲ့ လုပ်ငန်းရှင်တွေ အများကြီးရှိပါတယ်။ သူတို့ကို မြန်မာနိုင်ငံကို အကောင်းမမြင်ဖို့ ပြောကြားချက်၊ ရင်းနှီးမြှုပ်နှံမှု တွေအတွက် အာမခံချက်ရှိတဲ့ ဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့ ပြောကြားချက်တွေပြောကြားလိုက်ခြင်းဟာ ဖွင့်ထားတဲ့တံခါးကို ကိုယ့်ဘာသာပြန်ပိတ်သလိုဖြစ်သွားမှာ ကျွန်တော်အထူးပဲ စိုးရိမ်ပူပန်မိပါတယ်။ နိုင်ငံ့ ခေါင်းဆောင်တွေက ကျွန်တော့်ထက် ပိုပြီး နိုင်ငံနဲ့ ပြည်သူအပေါ် ချစ်ကြတယ်လို့ ကျွန်တော်တထစ်ချ ယုံကြည် ပါတယ်။ နိုင်ငံမှာနေတဲ့သူနဲ့ အပြင်ရောက်နေ တဲ့သူတွေမှတောင် ခံယူချက်ကွာခြားနေတာမျိုးတွေ ရှိတက်ပါ တယ်။ မင်းကအပြင်မှာနေပြီးဘာတွေစိုးရိမ်နေတာလည်းလို့ ပြောလာရင်လည်း ကျွန်တော်ခံယူရမှာပါ။ဒါပေမယ့် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ လက်ရှိမြန်မာနိုင်ငံ ရောက်ရှိဖြတ်သန်းနေတဲ့ လက်ရှိကာလပဲဖြစ်ပါတယ်။
သံသယအမှောင်နှင့်တိုက်များ ပြယ်လွင့်ပျောက်ပျက်ရေး
ကျွန်တော်တို့်နိုင်ငံဒီလိုမျိုး မျှော်လင့်ချက်တွေ စတင်ဖြစ်ပေါ်လာတာ၊ ဒီလိုမျိုးအိမ်မက်တွေစပြီး မက်နိုင် တာ ဒီကနေ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံး နိုင်ငံနဲ့ပြည်သူလူထုရဲ့ ဘုံအကျိုးစီးပွား အတွက် ပေါင်းစည်းနိုင်ခဲ့ချိန်ရောက်မှ ဖြစ်ပါတယ်။ နိုင်ငံရဲ့သမိုင်ြးေ ကာင်းမှလည်း တစ်သက်မှာတစ်ခါဆိုဆို သလောက် ရခဲလှ တဲ့အခွင့်အရေးတွေဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်လာတဲ့ ရွှေရောင်မျှော်လင့်ချက်တေမှေးမှိန် ပျောက်ကွယ်သွားမှာကို လည်းကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီလိုအိမ်မက်မျိုးမက် ခွင့်ရဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်း ခဲ့ရတာဖြစ်ပါတယ်။ သမိုင်းကြောင်းပြန်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံ မှာ သံသယအမှောင်တိုက်တွေ ဖုံးလွှမ်းခဲ့တဲ့အတွက် ပြည်တွင်းစစ်မီးလျှံတွေ၊ ဆင်းရဲနွမ်းပါးမှုတွေနဲ့ အဆိုး သံသရာလည်ခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာမြန်မာနိုင်ငံပြန်လည် ဦးမော့လာမကြာသေးပါဘူး.။ ကျွန်တော်ဆိုရင်လည်းအသက်ကြီးနေပါပြီ။ကျွန်တော် အမိမြေမြန်မာနိုင်ငံကို ပြန်လည်အလုပ်ကျွေးပြုရင်း မွေးရပ်မှာပဲ အေးအေးချမ်းချမ်းခေါင်းချသွားလိုတဲ့ဆန္ဒ ရှိပါတယ်။ ဒီနေရာမှာအလျဉ်းသင့်လို့ ကျွန်တော်တို့လို ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စိတ်ချယုံကြည်စွာ ပြည်တော်ပြန်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံး လုပ်နည်းတွေထုတ်ပြန်ပေးဖို့လည်းအကြံပြုလိုပါတယ်။
ကမ္ဘာ့သမိုင်းကြောင်းမှာပဲဖြစ်ဖြစ်၊ မြန်မာ့သမိုင်းကြောင်းမှာပဲဖြစ်ဖြစ် ခေါင်းဆောင်ကောင်းတွေရဲ့ ဦးဆောင်မှုအောက်မှာ အဲဒီနိုင်ငံတွေ ထွန်းတောက်ခဲ့တာပဲဖြစ်ပါတယ်၊၊ အခုဆိုရင် ကျွန်တော်တို့အတွက် မျှော်လင့်ချက်ခေါင်းဆောင်(၂)ဦး ပေါ်ထွန်းလာပြီလို့ ကျွန်တော့အနေနဲ့ အခိုင်အမာယုံကြည်ထားပါတယ်၊၊ ဒီခေါင်းဆောင်ကြီး(၂)ဦးစလုံး တစ်ဦးပေါ်တစ်ဦး ယုံယုံကြည်ကြည်နားလည်မှုရှိရှိ လက်တွဲပူးပေါင်းနိုင်ရေးဟာ နောင်လာမယ့် မြန်မာနိုင်ငံအနာဂါတ်နဲ့ အခိုင်အမာဆက်နွယ် နေတာဖြစ်ပါတယ်၊၊ ဒီခေါင်းဆောင်ကြီးနှစ်ဦး အကြားမှာ၊ ဒီခေါင်းဆောင်ကြီး(၂)ဦးရဲ့နောက်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ကြားမှာ သမိုင်းနွံနစ်မယ့် သံသယ တွေ မဖြစ်စေချင်တာ အရိုးခံဆန္ဒပါ။ ဒီအတွက်စိတ်ပူပန်ရတာတွေလည်း ကျွန်တော်တို့ မဖြစ်စေချင်တော့ ပါ။သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်ဦးနှစ်ဖက်အပြန်အလှန်ယုံကြည်မှုဟာ ကျွန်တော်တို့ထက် ပိုမို ပြီးအနာဂါတ်ကို သိမြင်မှန်းဆနိုင်မှာဖြစ်တယ်လို့ ကျွန်တော့အနေနဲ့ အခိုင်အမာယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း သံသယဆိုတဲ့နေရာမှာ မြူမှုန်တစ်စပမာဏတောင် အစမပြုစေချင်တာအမှန်ပါ။
နိဂုံး
ကျွန်တော်ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုက နိုင်ငံရေးသမားတော်တော်များများ (ရီပတ်ဘလီကင် ရော၊ ဒီမိုကရက်ပါ) မြန်မာ့အရေးကို အတော်ကလေးစိတ်ဝင်စားနေတာတွေ့ရှိရပါတယ်။ အခုနှစ်ကုန်ပိုင်းမှာ သမ္မတရွေးကောက်ပွဲ အတွက် အဆုံးအဖြတ်ပေါ်ထွက်လာတော့မှာဖြစ်ပြီး သတင်းများအရ အိုဘားမား ဆက်လက်တာဝန်ယူသည် ဖြစ်စေ၊ မစ်ရွန်းနီတက်လာသည်ဖြစ်စေ ကျွန်တော်တို့နိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒ ကတော့ပိုပြီး ပျော့ပျောင်း၊ ပိုပြီးကောင်းလာဖို့သာ ရှိပါတယ်။ အမြင်တွေ သဘောတွေပြောင်းလဲနေတာ ကျွန်တော်တို့တွေ့နေရပါတယ်။ တစ်ချို့ဆိုရင် Sanctionကို Fully Lift လုပ်ဖို့ တိုက်တွန်းနေကြတာရှိသလို တချို့ဆိုရင် ကချင်ပြည်နယ် သေနတ်သံတွေစဲသွားရင် တိုင်းပြည်ငြိမ်းချမ်းဖို့ ရောင်နီပေါ်ထွန်းလာတော့မယ်လို့ ထုတ်ဖော်ပြောကြားနေတာတွေ ရှိပါတယ်။“
သူတို့ရဲ့ နှီးနှောဖလှယ်ပွဲတွေမှာ မြန်မာ့အရေးကျွမ်းကျင်သူတွေ နေရာအတော်ရလာတာလည်း တွေ့ရှိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရက်တိုင်ဇေးရှင်းက မိုဒလ်အသစ်ဖြစ်လာ နေ တာကြောင့်ပါပဲ။ အာဏာရှင် စနစ်ကနေဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာနဲ့ စနစ်တကျကူးပြောင်းနိုင်ခဲ့တဲ့ လမ်းစဉ် အသစ်ကြောင့်ပါပဲ။ ပညာရှင်တွေကြားမှာလည်း မြန်မာ့လမ်းစဉ်ဟာ ရေပန်းစားနေပြီ ဖြစ်ပါတယ်။ သူတို့ အားလုံး တစ်ညီတစ်ညွတ်တည်း လက်ခံထားတာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ တစ်ချိန်တည်း စီးပွားရေးပြုပြင်ပြောင်းလဲမှု လိုက်ပါပြောင်းလဲနိုင်ဖို့ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲမှာ မြန်မာ့စီးပွားရေးဦးမော့မှကို ဖြစ်မယ်၊ မြန်မာ့စီးပွားရေး ဦးမော့ဖို့ ကြာရှည်နေမယ်၊နှောင့်နှေးနေမယ်ဆိုရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေရဲ့ အနာဂါတ်ဟာ စိုးရိမ်စရာသိပ်ကောင်းလာမယ် ဆိုတဲ့သုံးသပ်ချက်ပဲဖြစ်ပါ တယ်။ (ဒါကြောင့် လည်း သူတို့က စီးပွားရေးဘက်ကို အထောက်အကူပေးလာနေတာပဲ ဖြစ်ပါတယ်။)
ဒီမှန်းဆချက်ဟာ မှန်ပါတယ်။ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲတာနှစ်နဲ့ ချီနေတာတောင်မှ လူမှုစီးပွား ရေး တိုးတက်ပြောင်းလဲမလာဘူးဆိုရင် ဒီနိုင်ငံရေးစနစ်အပေါ်မှာ ပြည်သူတွေသံသယဖြစ်လာနိုင်ပါတယ်။ ဒါဟာကျွန်တော်တို့ နိုင်ငံရဲ့ အကြီးမားဆုံးသော ခြိမ်းခြောက်မှုလည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့မျှော်လင့်ချက် ခေါင်းဆောင်(၂)ဦးစလုံးကို ကျွန်တော့အနေနဲ့ အနူးအညွှတ်မေတ္တာရပ်ခံချင်တာက ကျွန်တော်တို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ ကျွန်တော်တို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အချိန် တိုတိုအတွင်း ပေါ်ထွက်လာဖို့ ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံပေးပါ။
ကျွန်တော်တို့ပြည်သူတွေရဲ့ အနာဂါတ်ဟာ သမ္မတကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်နှစ်ဦး အပေါ်မှာ တည်မှီနေတယ်ဆိုတာကို သတိမလွတ်စေဘဲ နားလည်မှု၊ယုံကြည်မှုခိုင်မာစွာနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက် ပေးကြပါ။ မြန်မာ့အရေးမှာ လွတ်လပ်ရေးရှိပြီးကတည်းက ပေါ်ပေါက်ခဲ့တဲ့သူ့ဘက်၊ ကိုယ့်ဘက် ဆိုတဲ့အမြင်တွေ၊ ဘက်အတွေးတွေ၊ ဘက်အစွဲတွေ ကင်းဝေးပြီး ပြည်သူ့ဘက်တစ်ဖက်တည်းကိုပဲ ရှေးရှုဦးတည် ကြတဲ့ နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ်ကို ဆောင်ကြဉ်းပေးပါလို့ ကျွန်တော့အနေနဲ့ တောင်းဆိုလိုက်ရပါတယ်။ ကျွန်တော်တို့အိပ်မက်တွေ လက်တွေ့အကောင် အထည်ပေါ်လာပါစေ။ ။
Sunday, June 17, 2012
မြန်မာ့မျှော်လင့်ချက် ခေါင်းဆောင်ကြီးများသို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment